Better Corporate သည် လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် လက်တော့ပ်များ၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်းနစ် ဆက်စပ်ပစ္စည်းများ၊ ပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ကဲ့သို့သော ရုံးသုံးပစ္စည်းများကို ဝယ်ယူရာတွင် ငွေကြေးပံ့ပိုးမှု ရှာဖွေနေသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ပြီး ငှားရမ်းဝယ်ယူမှုပြုလုပ်နိုင်ရန် ငွေကြေးဝန်ဆောင်မှုပေးသည့် အစီအစဉ်ဖြစ်သည်။
Better တွင် စာရင်းသွင်းထားသော ကော်ပိုရိတ် ကုမ္ပဏီများသည် “Better Corporate” ငှားရမ်းဝယ်ယူမှု အစီအစဥ်ကို အသုံးပြုရန်အတွက် အကျုံးဝင်ပါသည်။
“Better Corporate” ဝက်ဘ်ဆိုဒ် corporate.better.com.mm တွင်ရှိသော ကော်ပိုရိတ် စုံစမ်းမေးမြန်းသည့် ဖောင်မှတစ်ဆင့် စာရင်းသွင်းရန်အတွက် ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့မှ အလုပ်လုပ်ချိန် ၂၄ နာရီအတွင်း ပြန်လည်ဆက်သွယ်ပေးသွားပါမည်။
Better Corporate သည် လျှပ်စစ်ပစ္စည်းများ၊ ကွန်ပြူတာနှင့် လက်တော့ပ်များ၊ ကွန်ပြူတာ ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်းနစ် ဆက်စပ်ပစ္စည်းများ၊ ပရိဘောဂနှင့် ရုံးသုံးပစ္စည်းများ ကဲ့သို့သော လုပ်ငန်းလုံးပစ္စည်းများကို ငှားရမ်းဝယ်ယူ ရရှိနိုင်ပါသည်။
ငှားရမ်းကာလအား ၃လ၊ ၆လ၊ ၉လ နှင့် ၁၂ လ ဟူ၍ အသီးသီးရွေးချယ်နိုင်ပြီး သင့်လုပ်ငန်း၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသော ပြန်ဆပ်ကာလအား ရွေးချယ်နိုင်ပါသည်။
ကနဦးပေးချေငွေ ပေးသွင်းရန်မှာ မဖြစ်မနေမလိုအပ်ပါ။ သင့်အနေဖြင့် ကနဦးပေးချေငွေ ပမာဏအား ပစ္စည်းစုစုပေါင်းတန်ဖိုး၏ ၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ရွေးချယ်နိုင်ပါသည်။
- ပထမဦးစွာ သင်၏ ကုမ္ပဏီအား corporate.better.com.mm ၏စုံစမ်းမေးမြန်းသည့်ဖောင်မှတစ်ဆင့် စာရင်းသွင်းပါ။
- ကျွန်ုပ်တို့မှ သင့်အား စာရင်းသွင်းခြင်းလုပ်ငန်းစဥ် ဆက်လက်လုပ်ဆောင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများအား တင်ပြနိုင်ရန်အတွက် ဆက်သွယ်မည်ဖြစ်သည်။
- Better တွင် သင်၏ ကုမ္ပဏီအား အောင်မြင်စွာ စာရင်းသွင်းပြီးပါက “Better Corporate” ဝက်ဘ်ဆိုဒ်တွင် သင့်အဖွဲ့အစည်း၏ အကောင့်အား ကျွန်ုပ်တို့မှ ပြုလုပ်မည်ဖြစ်သည်။
- Better Corporate ငှားရမ်းဝယ်ယူမှု အစီအစဥ်အား corporate.better.com.mm တွင် စတင်အသုံးပြုနိုင်ပါပြီ။ အသေးစိတ် အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေသော Better Hotline: 09949238837 နှင့် Email: hello@better.com.mm သို့ မနက် ၈:၃၀ မှ ညနေ ၄:၃၀ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
“Better Corporate” ငှားရမ်းဝယ်ယူမှု အစီအစဥ်အား လျှောက်ထားနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများမှာ
- လုပ်ငန်းလိုင်စင်
- ဝင်ငွေခွန်ပြေစာ
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီထုတ်နုတ်ချက်
- ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များ
- ဘဏ်စာရင်းရှင်းတမ်း ၆လစာ
- ဘဏ္ဍာရေးအစီရင်ခံစာ
- စာချုပ်တွင် လက်မှတ်ထိုးမည့်သူ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း
- အတည်ပြုသူ၏ ပတ်စ်ပို့ဓာတ်ပုံ
ဒါရိုက်တာ၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ အိမ်အငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ်၏ ပထမစာမျက်နှာ ၊ လိပ်စာပါရှိသော ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် မီတာစာရွက် ကိုဆိုလိုသည်။
ဒါရိုက်တာ၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ မီတာစာရွက် နှင့် ကုမ္ပဏီနှင့်ပတ်သတ်၍ အခြားသူများနှင့် ငှားရမ်းချုပ်ဆိုထားသော စာချုပ် တို့အား ဆိုလိုသည်။
လုပ်ငန်းလိုင်စင်ဆိုသည်မှာ တစ်ဦးချင်းစီအတွက် သို့မဟုတ် ကုမ္ပဏီများအတွက် သီးခြားစီရင်ပိုင်ခွင့်အတွင်း သီးခြားလုပ်ငန်းအမျိုးအစားများ လုပ်ဆောင်နိုင်ရန် အစိုးရအာဏာပိုင်များက ထုတ်ပေးသော တရားဝင်ခွင့်ပြုချက် ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တွင် မှတ်ပုံတင်ထားသော ပေါင်းစည်းခြင်းဆိုင်ရာ အသိအမှတ်ပြုလက်မှတ် ဖြစ်သည်။
ကုမ္ပဏီထုတ်နုတ်ချက်ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ သီးခြားသက်ဆိုင်သော အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည့် စာရွက်စာတမ်းတစ်ခုဖြစ်သည်။ ထိုစာရွက်စာတမ်းတွင် အများအားဖြင့် ကုမ္ပဏီ၏အမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ တရားဝင်ဖွဲ့စည်းပုံ၊ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဘဏ္ဍာရေးအခြေအနေနှင့် ကုမ္ပဏီအတွင်း ဖြစ်ပေါ်ခဲ့သည့် သိသာထင်ရှားသော အဖြစ်အပျက်များ သို့မဟုတ် အပြောင်းအလဲများကဲ့သို့သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာဘုတ်အဖွဲ့မှ အတည်ပြုသော တရားဝင်ဆုံးဖြတ်ချက် သို့မဟုတ် ထုတ်ပြန်ချက်ကို ရည်ညွှန်းသည်။ ဤဆုံးဖြတ်ချက်များကို ကုမ္ပဏီ၏စီမံခန့်ခွဲမှု၊ လည်ပတ်မှုနှင့်ပတ်သက်၍ ဘုတ်အဖွဲ့မှပြုလုပ်သော အဓိကဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ရန်နှင့် ခွင့်ပြုရန်အသုံးပြုသည်။ ဤဆုံးဖြတ်ချက်ကို ပုံမှန်အားဖြင့် အစည်းအဝေးများတွင် မှတ်တမ်းတင်ထားပြီး ဘုတ်အဖွဲ့ဝင်များထံမှ လက်မှတ်များ လိုအပ်သည်။
Better Corporate အား စိတ်ဝင်စားသော အဖွဲ့အစည်းများအနေဖြင့် corporate.better.com.mm ဝက်ဘ်ဆိုဒ်မှတစ်ဆင့် စုံစမ်းမေးမြန်းသည့်ဖောင်တွင် မိမိအဖွဲ့အစည်းကိုယ်စား ဆက်သွယ်ရန် အချက်အလက်များအား ဖြည့်သွင်း၍ စုံစမ်းနိုင်ပါသည်။ ကျွန်ုပ်တို့၏အဖွဲ့မှ စာရင်းသွင်းခြင်းလုပ်ငန်းစဥ် ဆောင်ရွက်နိုင်ရန်အတွက် အလုပ်လုပ်ချိန် ၂၄နာရီအတွင်း ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်သည်။
လျှောက်လွှာတင်ရာတွင် အချက်အလက်များ ပြည့်စုံပါက လျှောက်လွှာတင်ပြီးသည့်အချိန်မှ စတင်၍ အလုပ်လုပ်ချိန် ၄၈ နာရီအတွင်းတွင် ကျွန်ုပ်တို့မှ လျှောက်လွှာအခြေအနေအား အသိပေးသွားမည်ဖြစ်သည်။
လစဥ်ကြေးအား မိမိကြိုက်နှစ်သက်ရာ ငွေလွှဲဝန်ဆောင်မှုအား အသုံးပြု၍ ပေးချေနိုင်ပါသည်။
သင့်အနေဖြင့် သက်ညှာကာလ ၇ရက်ရှိမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ရက်မှ ၈ရက်မြောက်နေ့မှစတင်၍ နောက်ကျကြေးပေးဆောင်ရမည်ဖြစ်သည်။
အဖွဲ့အစည်းအနေဖြင့် သက်ညှာကာလ ၇ရက်ရရှိမည်ဖြစ်ပြီး ထိုသက်ညှာကာလတွင် နောက်ကျကြေး ပေးဆောင်ရန်မလိုပါ။ ၈ရက်မှ ၁၅ရက်အတွင်း နောက်ကျပါက တစ်ရက်လျှင် ၀.၃ ရာခိုင်နှုန်း၊ ၁၅ ရက်နေ့နောက်ပိုင်းမှစတင်၍ တစ်လလျှင် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ကျန်ရှိနေသော ပမာဏများ အပြည့်ပေးချေပြီးသည်အထိ ကောက်ခံမည်ဖြစ်သည်။ ဒဏ်ငွေအားလုံးကို ကျန်ငွေပမာဏနှင့်အတူ ပေးဆောင်ရမည်ဖြစ်သည်။
အိမ်အရောက်ပို့ ဝန်ဆောင်မှု ရရှိနိုင်ခြင်း ရှိမရှိသည် ကုန်သည်များပေါ်တွင် မူတည်ပါသည်။ ဝန်ဆောင်မှုနှင့် ပတ်သတ်၍ ပစ္စည်းအား ဆိုင်တွင်သွားရောက် ထုတ်ယူစဥ်တွင် ကုန်သည်နှင့် တိုက်ရိုက်စစ်ဆေး မေးမြန်းနိုင်မည်ဖြစ်သည်။
Better Corporate နှင့်သက်ဆိုင်သော စုံစမ်းမေးမြန်းမှုများအတွက် ကျွန်ုပ်တို့၏ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနေသော Better Hotline: 09949238837 နှင့် Email: hello@better.com.mm သို့ မနက် ၈:၃၀ မှ ညနေ ၄:၃၀ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။